August 31, 2023

Academic Research Training Program

🚨သင် အားလပ် / အဆင်ပြေသည့် အချိန်တွင်
သုတေသန ရေးနည်းကို လေ့လာနိုင်မယ့် အခွင့်အလမ်း🚨
👩‍🏫24 hrs class is coming

🔎ယနေ့ခေတ်နိုင်ငံတကာ နှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရပ်တွေထဲမှာ
Research Writing ကို ချန်လှပ်ထားလို မရတော့ပါဘူး။🔍

📚သိုပေမဲ့ စာတမ်း (သုတေသန စာစောင်ရေးတဲ့ နေရာမှာ သုတေသနရဲ့ အစိတ်အပိုင်းတွေကို သေချာစွာ ကျကျနန ဇဝေဇဝါ ကင်းကင်း သိထားဖိုအတွက် ဆိုရင်တော့ ချဉ်းကပ်နည်းမှန်ကန်ဖို လိုအပ်ပါတယ်။ 📚

သိုပေမယ့် ………..
🕰အချိန်မရလို သင်တန်း တက်ဖို အဆင်မပြေသူတွေ
💡မိမိ နေထိုင်တဲ့ အရပ်ဒေသမှာ လျှပ်စစ်မီး အခြေအနေကြောင့်
Online Class တက်ဖို အဆင်မပြေတဲ့ သူတွေ
👨🏻‍🎓နိုင်ငံခြားပညာတော်သင်သွားဖို
Research Proposal ရေးရမဲ့သူတွေ
အတွက် ရည်ရွယ်ပါသည်

🚨သင်ကြားပေးမဲ့သူက ဘယ်သူလဲ?
By Teachel May
(M.A) PMPP ,Japan
ADB scholarship Alumni

📝သင်တန်းကို ဘယ်သူတွေ တက်သင့်သလဲ?
⁃ သုတေသနရေးနည်းကို ကျွမ်းကျင် တတ်မြောက်လိုသူ
⁃ နိုင်ငံခြား ပညာတော်သင် လျှောက်ထားလိုသူ
⁃ မကြာမီကာလတွင် သုတေသန စတင်လက်တွေ့ လုပ်ဆောင်ရန်ရှိသူ


⏰ သင်တန်း အချိန်ကကော?
- မိမိ အဆင်ပြေသည့်အချိန်တွင် Google Classroom ကနေ တဆင့် လေ့လာရန်သာဖြစ်သည်
-တီချယ်ကိုယ်တိုင် သင်ကြားပေးထားသည့် Video နှင့် Lectures Slide များကို မိမိ အားလပ်သလို လေ့လာလိုရသည်
- တီချယ်နှင့်လည်း သတ်မှတ်ထားသည့် Lecture တခုပြီးသွားတိုင်း Zoom ဖြင့် တွေ့ဆုံဆွေးနွေးကာ မရှင်းလင်းသည်များကို မေးမြန်းခွင့်ရှိပါသည်

👩‍💻Lecture Recordings /Slide ရရှိမည်
🧑‍💻မိမိ၏ သုတေသနဆိုင်ရာ လေ့ကျင့်ခန်းများကို တီချယ်က အကြံပေး ကြီးကြပ်ပေးမည်
🧑‍💻Individual Meeting တွေ့ဆုံရမည်

💵သင်တန်း Fee
Only 45,000 MMK ကျပ်သာ

📚 သင်တန်းအား စိတ်ဝင်စား၍ စာရင်းပေးသွင်းလိုပါက
RDM page messenger
(OR)
📞 +95-9-882-082-882 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်

RDM You Tube Channel👇👇👇
https://www.youtube.com/@RDM-Channel

RDM Website 👇👇👇
https://rdm-teachelmay.blogspot.com

RDM Facebook Pageပါ မကျန် 👇👇👇
https://www.facebook.com/RDMteachelMay

By:
Teachel May
(M.A) PMPP
Japan
📩 rdmoffice.mm@gmail.com

August 11, 2023

သုတေသနရေးနည်း အမှန်


လူတော်တော်များများက သုတေသနရေးတာကို အခုခေတ်မှာ စိတ်ဝင်စားလာကြတာ တွေ့ရတယ်။
ဆိုတော့လည်း သုတေသနရေးနည်းအမှန်ကို သေချာသိထားဖို့ လိုလာပြီပေါ့။

ဘယ်ဟာက ရေးနည်း အမှန်လဲ???
ဘယ်လိုရေးမှ နည်းစနစ်ကျတဲ့ သုတေသန ဖြစ်တာလဲ???

“ဆိုင်ဆိုင်၊ မဆိုင်ဆိုင် မြိုင်ဖို့ အရေးကြီးတယ်” ဆိုပြီး
ရှိရှိသမျှ မဆိုင်တဲ့ ဒေတာကော သက်ဆိုင်တဲ့ဒေတာကို ကောက်ထည့်ပြီးရေးရင် ဒါက မသေသပ်တဲ့ စာစောင်တခု ဖြစ်သွားမှာ သေချာပါတယ်။ ❌❌❌

စာတမ်း တခု စရေးဖို့ဆို
သုတေသနရဲ့ basic concept ကို မသိဘဲ စလို့မရပါဘူး။ 🖊️🖊️

ဥပမာ - အခုခေတ် Quantitative နည်းလမ်းနဲ့ စာတမ်းရေးနိုင်မှ ပိုကောင်းတယ် ပိုခေတ်မီတယ်လို့ ပြောကြတယ်။

မှန်သင့်သလောက် မှန်ပါတယ်။

သို့ပေမယ့် Quantitative လို့ ပြောပြီး
ကြိမ်နှုန်းလောက်ပဲတွက်ပြီး သုတေသနတစောင် ရေးလို့ရပြီထင်ရင်တော့ ဒါနည်းနည်း လွဲနေပြီလို့ ပြောလို့ရတယ်

ဒါ ဥပမာပေးတာပေါ့နော်။
ဆိုတော့ကာ သုတေသနတစောင် ရေးတော့မယ်ဆိုရင် သေချာလေး အခြေခံသဘောတရားကို
နောကျေနေဖို့ လိုပါတယ်။

မဟုတ်ရင် အရမ်း စွန့်စားပြီး လုပ်ချင်သလိုလုပ်၊ ရေးချင်သလိုရေး ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။

သုတေသနချစ်သူအားလုံးအတွက် အကြံပြုရေးသားခြင်း ဖြစ်ပါတယ်။

Teachel May

Notice Board

Academic Research Training Program

🚨သင် အားလပ် / အဆင်ပြေသည့် အချိန်တွင် သုတေသန ရေးနည်းကို လေ့လာနိုင်မယ့် အခွင့်အလမ်း🚨 👩‍🏫24 hrs class is coming 🔎ယနေ့ခေတ်နိုင်ငံတကာ နှင့် ...