Showing posts with label RDM. Show all posts
Showing posts with label RDM. Show all posts

August 31, 2023

Academic Research Training Program

🚨သင် အားလပ် / အဆင်ပြေသည့် အချိန်တွင်
သုတေသန ရေးနည်းကို လေ့လာနိုင်မယ့် အခွင့်အလမ်း🚨
👩‍🏫24 hrs class is coming

🔎ယနေ့ခေတ်နိုင်ငံတကာ နှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရပ်တွေထဲမှာ
Research Writing ကို ချန်လှပ်ထားလို မရတော့ပါဘူး။🔍

📚သိုပေမဲ့ စာတမ်း (သုတေသန စာစောင်ရေးတဲ့ နေရာမှာ သုတေသနရဲ့ အစိတ်အပိုင်းတွေကို သေချာစွာ ကျကျနန ဇဝေဇဝါ ကင်းကင်း သိထားဖိုအတွက် ဆိုရင်တော့ ချဉ်းကပ်နည်းမှန်ကန်ဖို လိုအပ်ပါတယ်။ 📚

သိုပေမယ့် ………..
🕰အချိန်မရလို သင်တန်း တက်ဖို အဆင်မပြေသူတွေ
💡မိမိ နေထိုင်တဲ့ အရပ်ဒေသမှာ လျှပ်စစ်မီး အခြေအနေကြောင့်
Online Class တက်ဖို အဆင်မပြေတဲ့ သူတွေ
👨🏻‍🎓နိုင်ငံခြားပညာတော်သင်သွားဖို
Research Proposal ရေးရမဲ့သူတွေ
အတွက် ရည်ရွယ်ပါသည်

🚨သင်ကြားပေးမဲ့သူက ဘယ်သူလဲ?
By Teachel May
(M.A) PMPP ,Japan
ADB scholarship Alumni

📝သင်တန်းကို ဘယ်သူတွေ တက်သင့်သလဲ?
⁃ သုတေသနရေးနည်းကို ကျွမ်းကျင် တတ်မြောက်လိုသူ
⁃ နိုင်ငံခြား ပညာတော်သင် လျှောက်ထားလိုသူ
⁃ မကြာမီကာလတွင် သုတေသန စတင်လက်တွေ့ လုပ်ဆောင်ရန်ရှိသူ


⏰ သင်တန်း အချိန်ကကော?
- မိမိ အဆင်ပြေသည့်အချိန်တွင် Google Classroom ကနေ တဆင့် လေ့လာရန်သာဖြစ်သည်
-တီချယ်ကိုယ်တိုင် သင်ကြားပေးထားသည့် Video နှင့် Lectures Slide များကို မိမိ အားလပ်သလို လေ့လာလိုရသည်
- တီချယ်နှင့်လည်း သတ်မှတ်ထားသည့် Lecture တခုပြီးသွားတိုင်း Zoom ဖြင့် တွေ့ဆုံဆွေးနွေးကာ မရှင်းလင်းသည်များကို မေးမြန်းခွင့်ရှိပါသည်

👩‍💻Lecture Recordings /Slide ရရှိမည်
🧑‍💻မိမိ၏ သုတေသနဆိုင်ရာ လေ့ကျင့်ခန်းများကို တီချယ်က အကြံပေး ကြီးကြပ်ပေးမည်
🧑‍💻Individual Meeting တွေ့ဆုံရမည်

💵သင်တန်း Fee
Only 45,000 MMK ကျပ်သာ

📚 သင်တန်းအား စိတ်ဝင်စား၍ စာရင်းပေးသွင်းလိုပါက
RDM page messenger
(OR)
📞 +95-9-882-082-882 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်

RDM You Tube Channel👇👇👇
https://www.youtube.com/@RDM-Channel

RDM Website 👇👇👇
https://rdm-teachelmay.blogspot.com

RDM Facebook Pageပါ မကျန် 👇👇👇
https://www.facebook.com/RDMteachelMay

By:
Teachel May
(M.A) PMPP
Japan
📩 rdmoffice.mm@gmail.com

August 11, 2023

သုတေသနရေးနည်း အမှန်


လူတော်တော်များများက သုတေသနရေးတာကို အခုခေတ်မှာ စိတ်ဝင်စားလာကြတာ တွေ့ရတယ်။
ဆိုတော့လည်း သုတေသနရေးနည်းအမှန်ကို သေချာသိထားဖို့ လိုလာပြီပေါ့။

ဘယ်ဟာက ရေးနည်း အမှန်လဲ???
ဘယ်လိုရေးမှ နည်းစနစ်ကျတဲ့ သုတေသန ဖြစ်တာလဲ???

“ဆိုင်ဆိုင်၊ မဆိုင်ဆိုင် မြိုင်ဖို့ အရေးကြီးတယ်” ဆိုပြီး
ရှိရှိသမျှ မဆိုင်တဲ့ ဒေတာကော သက်ဆိုင်တဲ့ဒေတာကို ကောက်ထည့်ပြီးရေးရင် ဒါက မသေသပ်တဲ့ စာစောင်တခု ဖြစ်သွားမှာ သေချာပါတယ်။ ❌❌❌

စာတမ်း တခု စရေးဖို့ဆို
သုတေသနရဲ့ basic concept ကို မသိဘဲ စလို့မရပါဘူး။ 🖊️🖊️

ဥပမာ - အခုခေတ် Quantitative နည်းလမ်းနဲ့ စာတမ်းရေးနိုင်မှ ပိုကောင်းတယ် ပိုခေတ်မီတယ်လို့ ပြောကြတယ်။

မှန်သင့်သလောက် မှန်ပါတယ်။

သို့ပေမယ့် Quantitative လို့ ပြောပြီး
ကြိမ်နှုန်းလောက်ပဲတွက်ပြီး သုတေသနတစောင် ရေးလို့ရပြီထင်ရင်တော့ ဒါနည်းနည်း လွဲနေပြီလို့ ပြောလို့ရတယ်

ဒါ ဥပမာပေးတာပေါ့နော်။
ဆိုတော့ကာ သုတေသနတစောင် ရေးတော့မယ်ဆိုရင် သေချာလေး အခြေခံသဘောတရားကို
နောကျေနေဖို့ လိုပါတယ်။

မဟုတ်ရင် အရမ်း စွန့်စားပြီး လုပ်ချင်သလိုလုပ်၊ ရေးချင်သလိုရေး ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။

သုတေသနချစ်သူအားလုံးအတွက် အကြံပြုရေးသားခြင်း ဖြစ်ပါတယ်။

Teachel May

May 11, 2023

Qualitative Data Analysis

ဒီနေ့ Teachel May မျှဝေချင်တာလေးတခု ရှိပါတယ်။
Research မှာ Qualitative နဲ့ Quantitative ဆိုပြီး
နည်း (၂)မျိုးရှိပါတယ်။

ခုနိုင်ငံတကာ (ဖွံ့ဖြိုးပြီးနိုင်ငံ)မှာ ခေတ်စားနေတဲ့နည်းက Quantitative ပေါ့။
- သူက Model တွေနဲ့ Data ကို စိစစ်တယ်။
- Hypothesis ကို စစ်ဆေးတယ်။
- ကိန်းဂဏန်း နဲ့  သက်သေပြတယ်ပေါ့။
ဒါကြောင့်လည်း သူက ပေါ်ပြူလာတာဖြစ်တယ်။

ဒါဆို Qualitative ကကော သိပ်မသုံးတော့ဘူးလား။
Qualitative ဘယ်လို အသုံးပြုသလဲဆိုရင်
သူ့မှာ Data စိစစ်နည်း အများကြီး ရှိပါတယ်။
ခေတ်မီပြီး တကယ်ဂေါ်ထွက်တဲ့ ဒေတာစစ်နည်းတွေလည်း ရှိပါတယ်။
ဒီတော့ Qualitative ကလည်း အသုံးပြုနေကြဆဲပါ။
သေချာလုပ်ရင် Data အကြမ်းစားနဲ့ တကယ်ဂေါ်နိုင်တဲ့ နည်းလမ်းပေါ့။
Qualitative Data Analysis
Coding လို့ ခေါ်ပါတယ်။
Coding ကို Coding Software နဲ့ Run ရပြီး Data စစ်လို့ရပါတယ်။
Coding Software Free Trial Software တွေ ရှိသလို
License Software ($500 ဝန်းကျင်ခန့်ရှိတတ်) တွေလည်း ရှိတတ်ပါတယ်။
နိုင်ငံခြားမှာ Ph.d တက်မဲ့သူတို့ Master တက်မယ့်သူတို့ဆိုရင်တော့ License Software ကို သုံးရမှာမလို့
နည်းနည်းပါးပါး တီးမိခေါက်မိရှိအောင် သိဖို့တော့ လိုတာပေါ့။


Coding Licence Software
Coding License Software တွေထဲက တခုကတော့ Nvivo ပါ။
အင်တာနက်မှာ အလွယ်တကူရှာဖွေနိုင်ပြီး
Mac ကော Window နဲ့ပါ အသုံးပြုနိုင်ပါတယ်။
License Version ဆိုပေမဲ့ 14 days Free သုံးလို့ရပါတယ်။
ဆိုတော့ကာ ကိုင်တွယ်မယ့် Data ခပ်ကြမ်းကြမ်းတွေကို ကြိုတင်ပြင်ဆင်ထားရင်
၁၄ရက်အတွင်း Coding Analysis ပြီးနိုင်ပါတယ်။
(၁၄ကုန်သွားလည်း ဘာဖြစ်လဲ။ Email အသစ်တခု နဲ့ Registration ထပ်လုပ်ရုံပေါ့
နည်းတွေ သင်ပေးတာပါနော်)
Nvivo Software 
Nvivoက သုံးရတာလွယ်တာမို့ 
၁၄ ရက် Free Plan နဲ့ တမုန်းတခဲ Data Free ကျိတ်လို့ ရပါတယ်။
You Tube မှာလည်း Nvivo Software အသုံးနည်းပြုနည်း အလွယ်တကူ ရှာလို့ရပါတယ်။

Youtube Link - 

RDM

September 27, 2020

Fee Course (RDM)

Click to Enroll

  1. Foundation of Research Methodology

သင်တန်းကြေးပေးသွင်း၍ တက်ရောက်ရမည့် အတန်းဖြစ်ပါတယ်။
သုတေသန နည်းနာ စိတ်ပါဝင်စားသူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် သုတေသနနည်းနာနှင့် ဆက်စပ်သော သင်တန်းဖြစ်ပါတယ်။

သင့်အတွက် သုတေသန
သုတေသန သင့်အတွက်

Teachel May (RDM)
+95-9-960-513-640

September 26, 2020

Free Course (RDM)

Click to Enroll
  1. Foundation of Research Methodology
  2. Citation
  3. Google Form
100 % ပညာဒါနတန်း ဖြစ်ပါတယ်။
သုတေသန နည်းနာ စိတ်ပါဝင်စားသူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် ပညာဒါနတန်းဖြစ်ပါတယ်။

သင့်အတွက် သုတေသန
သုတေသန သင့်အတွက်

Teachel May (RDM)
+95-9-960-513-640

September 19, 2020

Research IDEA

Research တခုက လွယ်လွယ်နဲ့ ပလုတ်ဆို ထွက်ကျမလာဘူးနော်။
ဒါဆို ဘယ်လို ကျ လာမှာလဲ။

အိုင်ဒီယာတွေကို စုတယ် စုတယ် စုတယ်။
ဒိုင်းဆိုပြီး အဲဒီ အိုင်ဒီယာတွေကလည်း ထွက်ကျလာမှာ မဟုတ်ပြန်ဘူး။
ကဲ ဒါဆို ဘယ်လို အိုင်ဒီယာ ထွက်ကျလာအောင် လုပ်ကြမလဲ။
အဲဒါ သုသေတန တခုစဖို့ ပထမဆုံး စိန်ခေါ်မှုပါပဲ။

အိုင်ဒီယာဟာ ဒီနေရာမှာ အသက်သွေးကြောသဖွယ် အရေးပါလွန်းပါတယ်။
ပညာရှင်ကြီးတွေတောင် ဖျတ်ခနဲ အိုင်ဒီယာ မရကြပါဘူး။

ဒါဆို ဘာလုပ်ကြမလဲ။
အိုင်ဒီယာတွေ ကို မှတ်စုထားတဲ့ အကျင့်လုပ်ပါ။
အတွေးလေးပေါ်တာနဲ့ ကောက်မှတ် ထားတတ်ပါစေ။
ပြီးတခု ရှိသေးတာက ကိုယ့် အိုင်ဒီယာ ဖြစ်နိုင်မဖြစ်နိုင်စစ်ဖို့ ကိုယ့်အားကိုကိုးပြီး Searching လုပ်တတ်တဲ့ အကျင့် တခုထားပေးပါ။

သုသေတနဆိုတာ လွယ်လွယ်နဲ့ မရပါဘူး။
အင်မတန် ခေါင်းစားတဲ့ အရာတခု ဖြစ်သလို အရမ်းလည်း အသုံးချတတ်ရင် အသုံးတည့်ပါတယ်။

RDM

Research တခုကိုလုပ်ရင် လူတွေ ဘာအမှားတွေ လုပ်လေ့ရှိတတ်ကြလဲ?

Research သုသေတန တခုကို လုပ်တာနဲ့
လူတွေ ဘာတွေ မှားယွင်းစွာ လုပ်လေ့ ရှိကြသလဲဆိုတာကို
ဒီ Postကနေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

* ပထမဆုံးအနေနဲ့ Clear Target မရှိကြတာ များပါတယ်။
 တော်တော်များများကတော့ သုသေတနတခု စမယိဆိုရင်
 ‌‌သူတို့ ရေးသားမယ့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတွေကို အရင် စစုကြပါတော့တယ်။ 
အဲ့ဒါ မှားပါတယ်။
တကယ်တော့ မိမိရေးသားမယ့် အကြောင်းအရင်ကို အရင်တိကျသေချာအောင် Targetချရမှာပါ။

* နောက်တခုကတော့ လူအများစုက
စာရှာတဲ့နေရာမှာ sourceသေချာ မရှာတတ် ကြပါဘူး။
မိမိ ရေးသားတင်ပြမဲ့ ပညာရပ် နယ်ပယ် အကြောင်းကို သေချာ ‌Academic ကျကျ ရေးသားထားတဲ့ Website or Source တွေကနေ ယူတာ ပိုကောင်းပါတယ် ။

* နောက်တခုကတော့ အချိန် ကန့်သတ်ချက်ကို အလေးမထားကြတာပါ။
မိမိ ရေးလို့ရမဲ့ ကာလနဲ့ ကိုက်ညီတဲ့ အချိန်အတိုင်းအတာကို သေချာချိန်ထားပြီး ရေးသားဖို့ လိုပါတယ်။

*နောက်ထပ်တခုကတော့ Ethic သေချာ မသိဘဲ ရေးကြတာတွေပါ။
ဒါကတော့ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ 
နိုင်ငံတကာအလယ်မှာ ‌ရှုံ့ချ ခံရတဲ့ အဓိကအချက်ပါ။
သုသေတနတခု ရေးရင် လိုက်နာရမယ့် စည်းမျဉ်းတွေ Ethnicတွေ ရှိပါတယ်။
အဲဒါတွေကို သေချာသိထားဖို့လည်း လိုအပ်ပါတယ်။

သုသေတန တခုဟာ လွယ်လွယ်နဲ့ ရေးသားလို့ရတဲ့ အရာမဟုတ်သလို
အရမ်းလည်း အရေးကြီးတဲ့ ပညာရပ် တခု ဖြစ်ပါတယ်။

RDM

Notice Board

Academic Research Training Program

🚨သင် အားလပ် / အဆင်ပြေသည့် အချိန်တွင် သုတေသန ရေးနည်းကို လေ့လာနိုင်မယ့် အခွင့်အလမ်း🚨 👩‍🏫24 hrs class is coming 🔎ယနေ့ခေတ်နိုင်ငံတကာ နှင့် ...