December 19, 2023

 

ချဥ◌်းကပ်လေ့လာ သုတေသန ပညာ

 

          ယနေ့ခေတ် တိုးတက်ပြောင်းလဲလာတဲ့ ရေစီးကြောင်း နှင့် အတူ “သုတေသန” ရဲ့ အရေးပါမှု ဟာလည်း ခေတ်နှင့် အညီတိုးတက်ပြောင်းလဲလာတဲ့ လူမှု့အဖွဲ့အစည်း အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါ၀◌င်လာပါတယ်။ နိင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်သည်ထက် ပိုမို တိုးတက်လာနိင်စေဖို့ဆိုရင် “သုတေသန” လုပ်ငန်းတွေကို အဆက်မပြတ် လုပ်ဆောင်နေဖို့ လည်းလိုအပ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးက “သုတေသန” လုပ်ငန်းတွေကို ဘက်ပေါင်းစုံ၊ ပညာရပ်နယ်ပယ်ပေါင်းစုံ မှာ ပြုလုပ်ဆောင်ရွက် လာကြပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းကို ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်လာကြတာလည်းဖြစ်ပါတယ်။

          “သုတေသန” ရဲ့ အသုံး၀◌င်မှုတွေဟာ အံ့မခန်းရှိလှပါတယ်။ “သုတေသန” ပြုလုပ်ခြင်းပညာရပ်ကို အသုံးပြုပြီး ဆေးပညာရပ်တွေကို သုတေသနပြုစမ်းသပ်ပြီး ပိုမိုကောင်းမွန် အစွမ်းထက်တဲ့ ခေတ်မီဆေး၀◌ါးတွေ ဆေးကုထုံးတွေကို ရှာဖွေဖော်ထုတ်နိုင်သလို၊ သဘာ၀ပတ်၀◌န်းကျင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ရေး အတွက်လည်း လေထု မြေထု ရေထု မပျက်စီး မညစ်ညမ်းရလေအောင် ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုများကို ပိုမိုထိထိရောက်ရောက်ဆောင်ရွက် နိုင်စေဖို့ သုတေသန က ကူညီပေးနိုင်ပါတယ်။

          ဒါတင်မကသေးပါဘူး၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး နဲ့ နိုင်ငံရေး စတဲ့ ကဏ္ဍတွေမှာ ပိုမိုတိုးတက်စေဖို့လည်း သုတေသနက ကူညီပေးနိုင်ပါတယ်။ ဥပမာ - နိုင်ငံအတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ သဘောထားမှတ်ချက်တွေကို ပိုမိုသိရှိနားလည်ဖို့ သုတေသနပြုလုပ်လေ့လာဆန်းစစ်ပြီး ယင်းနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ပေါ်လစီရေးဆွဲခြင်းတွေ၊ မူ၀◌ါဒချမှတ် အကောင်ထည်ဖော်ခြင်း တွေကို ထိရောက်အောင် လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် လည်း သုတေသနဟာ ဘက်ပေါင်းစုံ၊ ပညာရပ်နယ်ပယ်ပေါင်းစုံမှာ အရေးပါလာတာ ဖြစ်တယ်။

          ဒါကြောင့်လည်း သုတေသန ရေးနည်းကို တက္ကသိုလ်တွေမှာ သင်ကြားပြသပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူ တွေကို ဘွဲ့ကြိုအဆင့်၊ ဘွဲ့လွန် အဆင့် သုတေသန စာတမ်းတွေကို ရေးသားပြုစု စေတာတွေကို နိုင်ငံတကာတက္ကသိုလ်တွေမှာကော မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပြုလုပ်လေ့ကျင့်ပေးကြပါတယ်။ ကမ္ဘာ့တက္ကသိုလ်တွေရဲ့ အဆင့်အတန်းဟာလည်း ၎င်းတို့ ပြုလုပ်လျက်ရှိတဲ့ သုတေသန စာတမ်းတွေရဲ့ အရည်အသွေးပေါ် အများကြီး မူတည်နေတာလည်း ဖြစ်တယ်။ ယနေ့ခေတ်မှာ သုတေသနရေးနည်းကို လေ့လာသူပိုမိုများပြားလာပြီး “သုတေသန” ရေးနည်းကို အများနည်းတူ လေ့လာထားကြဖို့ဟာ လည်း အရေးကြီးလာတာဖြစ်တယ်။



          “သုတေသန” ပြုလုပ်နည်း၊ ရေးသားနည်း တွေကို သိထား တတ်ထား နားလည်ထားမယ်ဆိုရင် သင့်အတွက် အကျိူးကျေးဇူးများစွာ ရရှိနိုင်မှာလည်းဖြစ်တယ်။ အဘယ့်ကြောင့်ဆိုသော် “သုတေသန” ရေးနည်းဟာ ပညာရပ်နယ်ပယ်မှာသာမက လက်တွေ့နယ်ပယ်မှာပါ အသုံး၀◌င်တဲ့ ပညာရပ်တစ်ခု ဖြစ်တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ဥပမာ - သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ စိတ်ကူးရှိတယ် ဆိုရင် ထိုလုပ်ငန်းအောင်မြင်နိုင်ခြေများ မများသိစေဖို့ စေ◌ျးကွက်သဘောတရားကို သုတေသနပြုလုပ်တာ၊ သုတေသန သဘောတရားအရ စေ◌ျးကွက်ကို ကြိုတင်တွက်ဆတာတွေ ပြုလုပ်နိုင်ပြီး လုပ်ငန်းကို အကောင်ထည်ဖော်နိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလည်ပတ်နေစဥ◌်ကာလ အတွင်းလည်း နေ့စဥ◌်၊ အပတ်စဥ◌်၊ လစဥ◌်၊ နှစ်စဥ◌် အလိုက် လုပ်ငန်းအခြေအနေကို သုတေသန ပြုလုပ်ပြီး လုပ်ငန်းပိုမ်ိုအောင်မြင်အောင်လုပ်ဆောင်ရာတွင်လည်း “သုတေသန” က အထောက်အကူကောင်း တစ်ခု ဖြစ်စေပါတယ်။

          သို့သော် “သုတေသန” ကို လေ့လာရာမှာ နည်းမှန်၊ လမ်းမှန် ဖြင့်စတင်လေ့လာဖို့လည်း လိုအပ်ပါသေးတယ်။ “သုတေသန” ရေးသားနည်း ၊ “သုတေသန” ပြုလုပ်နည်းတို့ဟာ မလွယ်လည်း မလွယ်ကူသလို၊ ခက်လည်း ခက်ခဲလွန်းတဲ့ ပညာရပ်တော့ မဟုတ်ပါဘူး။  ဒါပေမဲ့ နည်းမှန်၊ လမ်းမှန် နဲ့ ချဥ◌်းကပ် လေ့လာဖို့တော့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် “သုတေသန” တစ်ခု ပြုလုပ်တဲ့နေရာမှာ သိရမဲ့ အခြေခံသဘောတရားတွေ၊ လိုက်နာရမဲ့ စည်းကမ်းတွေ နဲ့ ကျင့်၀◌တ်တွေ ဟာ နည်းမှန်လမ်းမှန်လေ့လာမှ သာ အမှန်တကယ် လေ့လာသိရှိနိုင်မှာ ဖြစ်ပြီး သုတေသန ရဲ့ အခြေခံသဘောတရားတွေဟာလည်း မရောထွေးမှာ ဖြစ်တယ်။ ဒါ့အပြင် နည်းမှန်လမ်းမှန်း နဲ့ ချဥ◌်းကပ် မလေ့လာမိရင် “သုတေသန” ဆိုတာ သင့်ရဲ့ ဥ◌ီးနှောက်ထဲ မှာ သင်ရ ခက်ခဲလှတဲ့ ပညာရပ် အနေနဲ့ ပဲ မြင်မိနေမှာ ဖြစ်တယ်။

          ဒါကြောင့် ဒီစာအုပ်မှာ “သုတေသန” ကို လေ့လာတဲ့နေရာမှာ အခြေခံသ်ိကို သိရမဲ့ အချက်အလက်တွေကို ပိုမိုလွယ်ကူရိုးရှင်းစွာ မှတ်မိနေစေဖို့ လက်တွေ့ဆန်ဆန် ဥပမာ လေးတွေ နဲ့ နားလည်လွယ်အောင် ဆွေးနွေးတဲ့ ပုံစံလေးနဲ့ ရေးသားပေးမှာပဲ ဖြစ်တယ်။ “သုတေသန” တစ်ခု ပြုလုပ်တဲ့နေရာမှာ ခံစားရတတ်တဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ သဘောတရားရောထွေးနေမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်း ကြမလဲ ဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

တီချယ်မေ (RDM)

19 Dec 2023

 

 

Notice Board

Academic Research Training Program

🚨သင် အားလပ် / အဆင်ပြေသည့် အချိန်တွင် သုတေသန ရေးနည်းကို လေ့လာနိုင်မယ့် အခွင့်အလမ်း🚨 👩‍🏫24 hrs class is coming 🔎ယနေ့ခေတ်နိုင်ငံတကာ နှင့် ...